နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား (၂၇၄) ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်

0
145

နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား (၂၇၄) ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည် ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ် သားများထဲမှ နေရပ်ပြန်လိုသူများအား ပြည်တွင်းသို့ပြန် လည်ဝင်ရောက်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇွန်လ (၁၆) ရက်က (၂၇၄) ဦး ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ (၁၆) ရက် နေ့လယ်ပိုင်းက ထိုင်း – မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့် ပြန် လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံခြင်း လုပ်ငန်းကို ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်မှ စတင် ဆောင်ရွက်နေခြင်း ကိုဗစ် – ၁၉ ရောဂါ စစ်ဆေးခြင်း အစီအစဉ်များဖြင့် ကွာရန်တင်းစင်တာများ ဖွင့်လှစ်ထားရှိကာ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာ ဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ကိုဗစ် – ၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ အချက်အလက်ကောက် ယူခြင်းများကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများတွင် ပဲခူးတိုင်းဒသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ပြည် နယ်နှင့်တိုင်းအသီးသီးတို့မှ အမျိုးသား (၁၈၃) ဦး၊ အမျိုး သမီး (၉၁) ဦး စုစုပေါင်း (၂၇၄) ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပြည်တော်ပြန် ရွှေ့ပြောင်း လုပ်သား များထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှ နေရပ်ပြန် များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့် သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည် နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန် သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှသက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here