မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

0
157

မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၉) ၌ ငွေကျပ် သိန်း ၄၀၀ ဓားပြတိုက်ခံရသည့်ဖြစ်စဉ် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ဘဏ်ခွဲ (၉ )သို့ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က အမျိုး သားနှစ်ဦး KBZ Pay ဖွင့်မည်ဟုဆိုကာရောက်ရှိလာသည့် အတွက် ဝန်ဆောင်မှုပေးနေစဉ် သေနတ် ကိုင်ဆောင်ထားသူ (၂) ထပ်မံရောက်ရှိလာကာ ငွေကျပ် သိန်း ၄၀၀ ကို ယူ ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

” ဟုတ်တယ်ဟ။ ဖြစ်တာလည်း ကြည့်ဦး ၊ ရဲစခန်းနားက ဘဏ်ကို ဝင်တိုက်တာ ။ ကောင်တာပေါ်က အထုပ်ဆိုတာကလည်း ကျောက်ခဲကြီး ထည့်ထားတာ။အခုတော့ အဲကိ စ္စနဲ့ တစ်မြို့လုံး နီးပါး စစ်နေပြီ ” ဟု အခင်းဖြစ်ရာ ရပ် ကွက်တွင်နေထိုင်သူ တစ်ဦးက ရီရီမောမောဖြင့် ပြော သည်။

ဓားပြတိုက်ခံရသည့် ဘဏ်ခွဲသည် ချမ်းအေးသာဇံမြို့ နယ်၊ (၂၆) လမ်း၊ (၆၂)လမ်းနှင့် (၆၃) လမ်းကြားတွင် တည်ရှိပြီး အမှတ်(၃) ရဲစခန်းနီးတွင် တည်ရှိကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်ထားသူတစ်ဦးမှ ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်ကောင်တာမှ ငွေကျပ် သိန်း ၄၀၀ ခန့်အား အိတ်ဖြင့်ထည့်၍ ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဘဏ်ကောင်တာပေါ်တွင် ကျောက်ခဲထည့်ထားသည့် အမဲရောင် အိတ်အား ဗုံးဟုယူဆစေရန် ရဲသို့တိုင်ကြားပါက ဖောက်ခွဲပစ်မည်ဟု ပြောဆိုကာ တင်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်နှင့် ပတ် သက်၍ မန္တလေး တစ်မြို့လုံး နီးပါးရှိ လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here