တာချီလိတ်မြို့၌ ဆိုင်ကယ်မောင်းသူအားဓားထောက်လုယက်မှုဖြစ်ပွား

0
126

တာချီလိတ်မြို့၌ ဆိုင်ကယ်မောင်းသူအားဓားထောက်လုယက်မှုဖြစ်ပွား

 

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ဇွန် ၁၆ ရက်ညပိုင်းက ဆိုင်ကယ် ကယ်ရီဌားရမ်းသူက ဆိုင်ကယ်မောင်းနှင်သူအား ဓားဖြင့်ထောက်၍ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညပိုင်းက ဆိုင်ကယ် ကယ်ရီမောင်းနှင်သည့် ဦးမျိုးလွင်အား အမည်၊အသင်၊နေရပ်လိပ်စာ (စုံစမ်းဆဲ)အမျိုးသား ၁ ဦးမှ ဆန်ဆိုင်း(ခ)ကြား လမ်းဆုံဂိတ်မှနေ၍ မြို့ပြင်ရှိ ဟွေခိုက်ရွာ၊စာသင် ကျောင်းအနီးသို့ လိုက်ပို့ရန်ဌားရမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဌားရမ်းပြီးနောက် မောင်းနှင်လာစဥ် ဟွေခိုက်ရွာအနီးအရောက် ဌားရမ်းလာသူမှ ဦးမျိုးလွင်အား နောက်မှဓားဖြင့်ထောက်ကာ ဆိုင်ကယ်အားလုယက်ခဲ့သဖြင့် ဦးမျိုးလွင်မှ ပြန်လည်ခုခဲ့ခဲ့ရာ ဆိုင်ကယ်ဌားရမ်းသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လည်ခုခံခဲ့သဖြင့် ဦးမျိုးလွင်၏ ဘယ်ဘက်နံကြားနှင့်ဘယ်ဘက်ပေါင်တို့၌ ဓားဒဏ်ရာများရရှိခဲ့သဖြင့် တာချီလိတ်မြို့တွင်းသို့ ပြန်လည်မောင်းနှင်လာပြီးနောက် ဆေးရုံသို့သွား ရောက်၍ ဆေးကုသမှုခံယူခဲ့ကာ လုံခြုံရေးအဖွဲ့များထံသို့ ဖြစ်စဥ်အားဆက်သွယ်အကြောင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကျူး လွန်ခဲ့သည့် ဆိုင်ကယ်ဌားရမ်းသူအား ဖမ်းဆီးရမိရန်အတွက် ရှာဖွေစုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here