တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောအား ရေချ

0
57

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောအား ရေချ

တရုတ်နိုင်ငံသည် ဖူကျန့်ဟု အမည်ပေးထားသော ၎င်း၏တတိယမြောက် လေယာဉ်တင်သင်္ဘောအား ဇွန်လ ၁၇ ရက် သောကြာနေ့၌ တရားဝင်ရေချခဲ့သည်။

၂၀၁၈ ခုနှစ်ကတည်းက ရှန်ဟိုင်းမြို့ရှိ တရုတ်သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်း (CSSC) သင်္ဘောကျင်း၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောသည် တည်ဆောက်ထားသော လေယာဉ်တင် သင်္ဘောများအနက် အကြီးဆုံးနှင့် နည်းပညာ အမြင့်ဆုံး သင်္ဘောဖြစ်ကြောင်း သိရသည်။

ဖူကျန့်သည် တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်သင်္ဘောဖြစ်ပြီး ၎င်း၏ကုန်းပတ်ပေါ်၌ လေယာဉ််များ ပျံသန်းဆင်းသက်နိုင်ရန် လျှပ်စစ်သံလိုက် စက်ကိရိယာများနှင့် ဆွဲငင်အား​ကောင်းသည့် ကိရိယာများ အသုံးပြုထားကြောင်း သိရသည်။

ဖူကျန့်သည် ယခုအခါ သင်္ဘောတင်ခြင်းနှင့် ပင်လယ်ပြင်၌ စမ်းသပ်ခြင်းများ ပြုလုပ်တော့မည်ဖြစ်သည်။

တည်ဆောက်ဆဲဖြစ်​သောသော စတုတ္ထမြောက်သင်္ဘောသည် မူလ သင်္ဘောနှစ်စင်းထက် ပိုကြီးမည်ဖြစ်ကာ နူကလီယားစွမ်းအင်သုံး ဖြစ်နိုင်မည်ဟု သိရသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here