မဟာအောင်မြေမြို့နယ်၌ စည်ပင်အရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
146

မဟာအောင်မြေမြို့နယ်၌ စည်ပင်အရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊စိန်ပန်းရပ်ကွက်တွင် စည်ပင်အရာရှိတစ်ဦးဖြစ်သည့် ဦးယုမော်သည် ဇွန် ၁၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

မန္တလေးစည်ပင်မှအရာရှိတစ်ဦးဖြစ်သည့် ဦးယုမော်သည် ကုန်တင်ကုန်ချကားများအားစစ်ဆေးရန် ရုံးမှအခြားစည်ပင်ဝန်ထမ်းများနှင့်အတူ ကားဖြင့်ထွက်လာစဥ် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၃၅ လမ်း၊ ၈၉ လမ်းနဲ့ ၉၀ လမ်းကြားမှာ ပစ်ခံရတာ သူနဲ့အတူပါလာတဲ့လူတွေကတော့ တစ်ယောက်မှမထိပါဘူး ဆေးရုံကိုချက်ခြင်းပို့လိုက်တယ်”ဟု မြို့နယ်နေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးယုမော်၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့်ဆေးရုံတွင် စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here