ရေးမြို့တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုး သား ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
292

ရေးမြို့တွင် လဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုး သား ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ်၊ရေးမြို့တွင် ဇွန် ၁၇ ရက်(ယနေ့) နံနက် ၈ နာရီကျော်ခန့်က လဖက်ရည်ဆိုင်ထိုင်နေသည့် ကိုရှည်ကြီးနှင့်ကိုကြည်ဟိန်းတို့သည် သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

၎င်းတို့ ၂ ဦးအား အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့်ရောက်ရှိလာကာသေနတ်ဖြင့် ကိုအရှည်ကြီးဆိုသူအား ဦးတည်ပစ်ခတ်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ကိုအရှည်ကြီးဆိုတဲ့ နာမည်ပြောင်ပဲသိတယ်ဗျ သူ့နာမည်အရင်းကိုတော့မသိဘူး သူက ကျုံလောင်းရွာဟောင်းကျေးရွာမှာနေတာ နေက်တစ်ယောက်ကတော့ ဘယ်မှာနေတယ်မသိဘူး အခုပစ်ခံရတော့ ၂ ယောက်လုံးသေသွားပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုအရှည်ကြီးနှင့်ကိုကြည်ဟိန်းတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အားပြုလုပ်ခဲ့သည့် ရေးဘီးလူးအဖွဲ့သားများမှ ကိုအရှည်ကြီးအား ပစ် ခတ်ရှင်းလင်းစဥ် ဘေး၌ရှိနေသည့် အမျိုးသားတစ်ဦးကိုပါ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ ၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထား သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကျည်ခွံအချို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရန် ပိတ်ဆို့စစ်ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here