ပြည်မြို့ရှိ ဧရာဝတီမြစ်အတွင်း၌ အမျိုးသားကြီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
250

ပြည်မြို့ရှိ ဧရာဝတီမြစ်အတွင်း၌ အမျိုးသားကြီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ပဲခူးတိုင်း၊ပြည်မြို့၊ကမ်းနားလမ်းရှိ ဧရာဝတီမြစ်အတွင်း၌ ဇွန် ၁၇ ရက်(ယနေ့)နံနက် ၁၀ နာရီခန့်က အမည်မသိအမျိုးသားကြီးတစ်ဦး၏ ရုပ်အ လောင်းအားတွေ့ရှိခဲ့သည်ဟု ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်း(ပြည်)မှ သိရသည်။

အဆိုပါ အမျိုးသားကြီးသည် အသက် ၅၀ နှစ်ကျော်ခန့်အရွယ်ရှိကာ အမည်နှင့်နေရပ်လိပ်စာသိရှိရခြင်းမရှိဘဲ ဧရာဝတီမြစ်အတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်တော့ ရေထဲကနေဆယ်ပြီးကြည့်တဲ့အခါမှ ပြင်ပဒဏ်ရာမတွေ့ခဲ့ရပါဘူး သက်ဆိုင်ရာကလည်း လာပြီးစစ်ဆေးခဲ့ကြပါတယ်”ဟု ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်း(ပြည်)၏ အသင်းဝင်တစ်ဦးကပြော သည်။

ထို့ကြောင့် ရုပ်အလောင်းအား ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်း(ပြည်)မှ နာရေးတင်ကားဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here