ထိုင်းဝင်ခွင့် Thailand pass မလိုတော့
ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအတွက် Thailand Pass မလိုအပ်တော့ကြောင်း ကိုဗစ်အခြေအနေထိမ်းချုပ်ရေးစင်တာမှ သောကြာနေ့တွင် ဆုံးဖြတ်ခဲ့သည်။
ထိုင်းသို့ဝင်ရောက်သူများသည် ကာကွယ်ဆေးထိုးထားကြောင်း သို့မဟုတ် COVID-19 စစ်ဆေးမှုရလဒ်များကို ပြသရန်သာ လိုအပ်မည်ဖြစ်သည်။
ဇူလိုင် ၁ ရက်မှစ၍ လူထူထပ်သောနေရာများမှလွဲ၍ အပြင်ဘက်တွင်နှာခေါင်းစည်း Mask မတပ်လည်းရပြီဖြစ်သည်။
တက်ရောက်သူ ၂၀၀၀ ကျော်ရှိသော ပြင်ပပွဲများကတော့ခွင့်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်ပါသည်။ အရက်ဆိုင်များ၊ ဘားများနှင့် ညအပန်းဖြေစခန်းများသည် သန်းခေါင်ယံပိတ်ချိန်ကို ရုတ်သိမ်းပြီး နံနက် ၂နာရီသို့ ပြန်ပြောင်းခြင်းဖြင့် ၎င်း၏ပုံမှန်လုပ်ငန်းလည်ပတ်ချိန်များကို ပြန်လည်စတင်တော့မည်ဖြစ်သည်။
မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ဟိုတယ်များတွင် အရက်ရောင်းချမှု တားမြစ်ချက်ကို ဇူလိုင် ၁ ရက်မှ စတင်ကာ ရုတ်သိမ်းမည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီး Phiphat Ratchakitprakarn က သောကြာနေ့တွင် ပြောကြားခဲ့သည်။
Source: Khaosod