အကယ်ဒမီ နေတိုးနဲ့ ဇနီးဖြစ်သူ မသဲစုမြတ်ရွှေ မိသားစုတို့မှ ချောင်းကြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေ(၁၀) သိန်းကျပ်လှူဒါန်း

0
330

အကယ်ဒမီ နေတိုးနဲ့ ဇနီးဖြစ်သူ မသဲစုမြတ်ရွှေ မိသားစုတို့မှ ချောင်းကြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေ(၁၀) သိန်းကျပ်လှူဒါန်း

အကယ်ဒမီ နေတိုးနဲ့ ဇနီးဖြစ်သူမသဲစုမြတ်ရွှေမိသားစုတို့မှ ချောင်းကြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေ ၁၀ သိန်းကို ယနေ့ ဇွန်လ ၁၇ ရက်နေ့ကအလိုတော်ပြည့်ကျောင်းတိုက်ရှိ အဆိုပါ ချောင်းကြီးဆရာတော်အားပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဆရာတော်အသျှင်ကုမာရက
“အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားကာ ဒီကနေ့ သရုပ်ဆောင် မင်းသား အကယ်ဒမီ နေတိုး ဇနီး မသဲစုမြတ်ရွှေ မိသားစုတို့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ တောင်စိုင်းကမ်းဒေသ၊ ချောင်းကြီးဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူတော်ငွေကျပ်(၁၀)သိန်းတိတိ ကို ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ အဆိုပါ ချောင်းကြီးဆရာတော်အားပေးအပ်လှူဒါန်းခဲ့ပါတယ် ” လို့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here