လာအိုနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားအလုပ်သမား ၁၈၉ ဦးတာချီလိတ်မြို့သို့ရောက်ရှိလာ

0
232

လာအိုနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားအလုပ်သမား ၁၈၉ ဦးတာချီလိတ်မြို့သို့ရောက်ရှိလာ

လာအိုနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈၉ ဦးသည် ဇွန် ၁၇ ရက်က တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမား အမျိုးသား ၁၄၉ ဦးနှင့်အမျိုးသမီ ၄၀ ဦးတို့သည် တာချီလိတ်မြို့၊မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ဝမ်ပုံဆိပ်ကမ်းသို့ စက်လှေများဖြင့်ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

၎င်းတို့အား တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက လက်ခံခဲ့ကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်(၁၉)ရောဂါပိုးရှ၊မရှိအား စစ်ဆေးပေးခဲ့ကြသည်။

ထို့နောက် လာအိုနိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများအား “စံလင်းဖြိုး” Quarantine Centre ၌ ၄ ရက်ထားရှိရန်တာဝန်ရှိသူများမှပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Quarantine Centre ၌ထားရှိပြီး‌နောက် ၃ ရက်မြောက်နေ့တွင် ကိုဗစ်(၁၉)ရောဂါနှင့်အိုမီခရွန်ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးရောဂါပိုးကင်းစင်သူများအား ၎င်းတို့၏နေရပ်များသို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here