ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင် ရာအချက်အလက်များဘဏ္ဍာတိုက် ဝက်ဘ်ဆိုက်အား စီးပွားကူးသန်းဝန်ကြီးဌာနမှ စတင်လွှင့်တင်

0
202

ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင် ရာအချက်အလက်များဘဏ္ဍာတိုက် ဝက်ဘ်ဆိုက်အား စီးပွားကူးသန်းဝန်ကြီးဌာနမှ စတင်လွှင့်တင်


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် ဝက်ဘ်ဆိုက်အား စတင်လွှင့်တင်ခဲ့သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဘဏ္ဍာတိုက်အား မြန်မာနိုင်ငံတွင် ဝန် ဆောင်မှုလုပ်ငန်းများလာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ၌ ထုတ်ပြန်ထားသည့် ပြည်တွင်းဥပဒေ ၊နည်းဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်၎င်းတို့ ၏ ပြဌာန်းချက်အစီအမံများအား တစ်နေရာ တည်းတွင် လွယ်ကူစွာစုစည် ရှာဖွေလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍများအား အ ထောက်အကူပြုနိုင်ရန်နှင့်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုအားမြင့်မားစေရန်တို့အတွက်လည်း ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အသေးစိတ်သိရှိလိုသည်များအား https://www.servicetrade.gov.mm ၌ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here