ထိုင်းနိုင်ငံသို့ မြန်မာ MoU လုပ်သားများအား ဇွန် လကုန်ခန့်မှစတင်ကာ တစ်ရက်လျင်လူဦးရေ ၈၀၀ ခန့်စေလွှတ်သွားမည်

0
337

ထိုင်းနိုင်ငံသို့ မြန်မာ MoU လုပ်သားများအား ဇွန် လကုန်ခန့်မှစတင်ကာ တစ်ရက်လျင်လူဦးရေ ၈၀၀ ခန့်စေလွှတ်သွားမည်

ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန် မာ MoU လုပ်သားများအား ဇွန်လကုန်ခန့်မှစတင် ၍ တစ်ရက်လျင်လူဦးရေ ၈၀၀ ခန့်အထိစေလွှတ်သွားရန် စီစဉ်ထားပြီးဖြစ်ဟု မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သိရသည်။

“ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ တရားဝင်စေလွှတ်ခွင့်ပြုလိုက်ပြီးသား အရေအတွက်ကအခုဆိုရင် ၂၀၀၀ ကျော် ၃၀၀၀ နီးပါးလောက်ရှိသွားပြီ တောက်လျှောက်လွှတ်နေတာပါ ဒီလကုန်လောက်ကစပြီး တစ်ရက်ကိုလူ ၈၀၀ လောက်အထိလွှတ်ဖို့စီစဉ်ထားပြီးပြီ”ဟုမြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌဦးပီတာညွှန့်မောင်ကပြောသည်။

ထို့ပြင် တရားဝင်ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ တရားဝင်စေလွှတ်မှုများလည်းရှိနေပြီဖြစ်ကာ အလုပ်သမားများလည်းရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ကျထားပြီးသား Demand တွေရှိတယ် စေလွှတ်ခွင့်ပြုပြီးသား Demand တွေကိုပြန်ပြီးတော့ ချိတ်ဆက်တယ် ချိတ်ဆက်တဲ့အခါကြတော့ နဂိုတုန်းကတော့ ကိုဗစ်ကြောင့်ပိတ်ပြီး ခေါ်မယ်မခေါ်ဘူးမသေချာတော့ဘူး အခုတော့အဲဒါကိုပြန်ညှိနှိုင်းပြီး ပြန်ခေါ်နေတယ်”ဟု ဦးပီတာညွှန့်မောင်ကပြောသည်။

ထိုသို့ ပြန်ခေါ်ရာတွင် စာချုပ်အသစ်ပြန်ချုပ်ကာ ခေါ်ဆိုပြီးစေလွှတ်ခြင်းဖြစ်၍ မြန်မာ MoU အ လုပ်သမားများအနေဖြင့် များစွာအဆင်ပြေသည်ဟု သိရသည်။

“အရင်က စာချုပ်ချုပ်ရင် မြောက်ဒဂုံက အလုပ် သမားဝန်ကြီးဌာနရုံးခန်းမမှာပဲခွင့်ပြုပေးခဲ့တယ် အခုကြတော့ အဲဒီခန်းမတင်မကဘဲ တရားဝင်ခွင့်ပြုထားတဲ့ သင်တန်းကျောင်းတွေမှာကော ဘားအံမြို့မှာကော စာချုပ်ချုပ်ခွင့်ပြုလိုက်တဲ့အ တွက် ကလေးတွေရဲ့မျှော်လင့်ချက်လေးတွေက ပိုပြီးအဆင်ပြေသွားတာပေါ့”ဟု ဦးပီတာညွှန့်မောင်ကပြောသည်။

အလားတူ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက တရားဝင်အေဂျင်စီများအား တိုက်ရိုက်ဆက်သွယ်ကာ ထိုင်းနိုင်ငံလိုင်စင်ရပြီး အေဂျင်စီစာ ရင်းအားကြည့်ရှု့၍ ဝန်ကြီးဌာနမှကြေညာထားသည့် အေဂျင်စီများနှင့်ဆက်သွယ်ရန် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဒု-ဥက္ကဋ္ဌ ဦးပီတာညွှန့်မောင်က တိုက်တွန်းပြောကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here