ဘင်္ဂလားဒေ့ရှ်၌ ရေလွှမ်းမိုးမှုကြောင့် လူပေါင်းသိန်းနဲ့ချီ ခိုးကိုးရာမဲ့ဖြစ်နေ

0
250

ဘင်္ဂလားဒေ့ရှ်၌ ရေလွှမ်းမိုးမှုကြောင့် လူပေါင်းသိန်းနဲ့ချီ ခိုးကိုးရာမဲ့ဖြစ်နေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ မုတ်သုံရာသီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း သိန်းနှင့်ချီ ဒုက္ခ​ရောက်​နေရာ အာဏာပိုင်များက ဘေးလွတ်ရာရွှေ့ပြောင်းပေးရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အားဆောင်ရွက်ရန် တပ်ကို စေလွှတ်ထားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ထုတ်ပြန်ထားသည်။

ရေကြီးမှုကြောင့် အိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခြင်းခံနေရကာ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေသော အရှေ့မြောက်ပိုင်းဒေသရှိ ဆူနမ်းဂန်ချ် နှင့် စီးလက် ခရိုင်များ၌ စစ်သားများအား တပ်ဖြန့်ချထားကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မ​တော်ပြည်သူ့ဆက်ဆံရေးရုံးက ၎င်းတို့၏ဝက်ဘ်ဆိုဒ်တွင် ​ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ ရှိ အစိုးရ၏ ရေကြီးရေလျှံမှု ကြိုတင်ခန့်မှန်းရေးနှင့် သတိပေးချက်စင်တာမှ နိုင်ငံတစ်ဝှမ်းရှိ အဓိကမြစ်ကြီးများအားလုံး၌ ရေမြင့်တက်နေသဖြင့် လာမည့် ၂၄ နာရီအတွင်း ဆူနမ်းဂန်ချ်၊ စီးလက်၊ လာလ်မိုနီဟတ်၊ ကူရီဂရမ်၊ နီးလ်ဖာမာရီနှင့် ရန်ပူလ် ခရိုင်များတွင် ရေလွှမ်းမိုးမှု အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုသည် လေယာဉ်ပြေးလမ်းကြောင်းသို့ရောက်ရှိလာသဖြင့် လေယာဉ် ပျံသန်းပြေးဆွဲမှုများအား သောကြာနေ့မှစ၍ သုံးရက်ကြာ ဆိုင်းငံထားမည်ဖြစ်ကြောင်း
စီးလက်ရှိ အိုစမာနီအပြည်ပြည်ဆိုင်ရာ လေဆိပ်မန်နေဂျာ ဟာဖိချ်အာမက် ကဆိုသည်။

ပြီးခဲ့သည်လက မုတ်သုံရာသီအကြို ရုတ်တရက်ရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေများ၌ ကောက်ပဲသီးနှံများ၊ အိမ်များနှင့် လမ်းများ ပျက်စီးခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စုစုပေါင်းမြစ် ၁၃၀ စင်းခန့်ရှိပြီး ပထဝီမြေပြင် နိမ့်ကျမှုကြောင့် ရေလွှမ်းမိုးမှုနှင့် ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့သော ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နေရသည်။

Source: Aljazeera

 


LEAVE A REPLY

Please enter your comment!
Please enter your name here