ဖားကန့် ကျောက်စိမ်းလုပ်ကွက်‌ ဟောင်းတွင်းထဲပြုတ်ကျသေဆုံးခဲ့သည့် မိသားစုဝင်သုံးဦးအားကန်အောက်နွံမှုတ်ထုတ်သည့် စနစ်ဖြစ် ဆက်လက်ရှာဖွေ၊ လူ့အသား အပိုင်းအစနှင့်အပုပ်နံ့များ ရရှိနေဟုဆို

0
303

ဖားကန့် ကျောက်စိမ်းလုပ်ကွက်‌ ဟောင်းတွင်းထဲပြုတ်ကျသေဆုံးခဲ့သည့် မိသားစုဝင်သုံးဦးအားကန်အောက်နွံမှုတ်ထုတ်သည့်စနစ်ဖြစ် ဆက်လက်ရှာဖွေ၊ လူ့အသားအပိုင်းအစနှင့်အပုပ်နံ့များရရှိနေဟုဆို

ဖားကန့် ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးနေသည့် မိသားစုသုံးဦး၏ အလောင်း ပြန်လည်ရရှိရန် ကန်အောက်နွံအားမှုတ်ထုတ်သည့်စနစ်ဖြင့် ရှာဖွေလျှက်ရှိရာ၊ ကန်အတွင်းမှ လူအသားစအချို့နှင့် အပုပ်နံ့များရရှိကြောင်း ရှာဖွေရေးလုပ်ဆောင်နေသည့်ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ ကာယကံရှင်ရဲ့ တောင်းဆိုမှုကြောင့် ကန်ထဲက နွံကိုမှုတ်ထုတ်ပြီးရှာတဲ့အခါမှာ လူ့အသားစအဖတ်နဲ့ အပုပ်နံ့တွေရတယ်။ ရှာဖွေတဲ့အခါမှာ ကာယကံရှင် အကိုအရင်းတစ်ယောက်ပါ ပါတယ်။ သူ့ရဲ့တောင်းဆိုမှုကြောင့် ကျွန်တော်တို့ ဆက်ရှာနေပါတယ်။ အလောင်းပြန်တွေ့ဖို့ကတော့ ရာခိုင်းနှုန်းတစ်ဝက်တော့ ခန့်မှန်းရတာပေါ့။ မိုးကအဆက်မပျက်ရွာနေတာဆိုတော့ ရှာဖွေရေးလုပ်ငန်းစဉ်က ခက်ခဲပါတယ်။ ကန်က ပေ ၄၀၀ ကျော်အနက်ရှိတယ်” ဟု ဆိုသည်။

ရေကန်အတွင်း ပြုတ်ကျပျောက်ဆုံးသူသုံးဦး၏မိသားစုဝင် အကိုတော်စပ်သူက ကယ်ဆယ်ရေးအဖွဲ့၏ ကုန်ကျစရိတ်ကို ကျခံ‌ ပေးသဖြင့် ဆက်လက်ရှာဖွေရာ ၁၀ ရက်မြောက်ရှိပြီ ဖြစ်သည်။

အလောင်းများပြန်လည်ရရှိရေးအတွက် ကယ်ဆယ်အဖွဲ့ဝင်များက ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းစုံ အသုံးပြုကာ ယနေ့ ဇွန် ၁၈ ရက်အထိ ရှာဖွေနေကြကြောင်း သိရသည်။

ပြီးခဲ့သော ဇွန် ၉ ရက် နံနက် ၉နာရီ မိနစ် ၃၀ အချိန်တွင် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုး ရန် ဖားကန့်သို့အဆင်း ရှရော်ခ ၊မှော်မောင်းလျှံအတက် အေးမြသာယာကျောက်စွမ်းလုပ်ကွက်ဟောင်းအနီးတွင် ကားဘရိတ်ပေါက်၍ ရေကန်အတွင်း ပြုကျခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။

ဓာတ်ပုံ sainanda


LEAVE A REPLY

Please enter your comment!
Please enter your name here