ပင်းတယမြို့ USDP ပါတီဒု-ဥက္ကဋ္ဌ ၎င်းပိုင်ဆိုင်သည့်ကိုယ်ပိုင်ကျောင်း၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
162

ပင်းတယမြို့ USDP ပါတီဒု-ဥက္ကဋ္ဌ ၎င်းပိုင်ဆိုင်သည့်ကိုယ်ပိုင်ကျောင်း၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ရှမ်းပြည်နယ်၊ပင်းတယမြို့တွင် ပင်းတယ USDP ပါတီ၏ ဒု-ဥက္ကဋ္ဌ USDP ပါတီ၏လွှတ်တော်ကိုယ် စားလှယ်၊ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သည့် ဦးကျော်ငြိမ်း(၅၀)နှစ်ခန့်သည် ဇွန် ၁၈ ရက် (ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၁၀ နာရီကျော်ခန့်က ပင်းတယ USDP ပါတီ ဒု-ဥက္ကဋ္ဌဦးကျော်ငြိမ်းသည် ဆင်ခေါင်းရပ် ကွက်ရှိ ၎င်းပိုင်ဆိုင်သည့် ကိုယ်ပိုင်ကျောင်း၌ရှိနေစဥ် အမည်မသိအမျိုးသားများရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ငြိမ်း၌ ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥ ပဒေအထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပင်းတယ USDP ပါတီ ဒု- ဥက္ကဋ္ဌဦးကျော်ငြိမ်း သည် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ၌ ပင်းတယမြို့နယ် အမှတ် (၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here