ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

0
265

ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာအုပ်စု၊ရေကြည်မြောက်ကွင်း၊ကွင်းအ မှတ်(၅၀၆)၌ တည်ဆောက်လျက်ရှိသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆောက် လုပ်နေမှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆောင်ရွက်ထားရှိမှုများအား ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေးမှ ဇွန် ၁၈ ရက်က သွားရောက်ကြည့်ရှုစစ် ဆေးခဲ့သည်။

“ဝင်ငွေနည်းပြည်သူတွေ နိုင်ငံ့ဝန်ထမ်းတွေနဲ့အ ငြိမ်းစားဝန်ထမ်းတွေနေထိုင်ရေး အဆင်ပြေစေဖို့နဲ့ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ကိုရည်ရွယ်ပြီး ရန်ကုန်၊နေပြည်တော်နဲ့မန္တ လေးတို့မှာ အိမ်ရာစီမံကိန်းတွေကို အကောင်အ ထည်ဖော်နေပါတယ် ဒါ့ကြောင့် လုပ်ငန်းတွေကို သတ်မှတ်အချိန်မီပြီးစီးရေး၊အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးအတွက် အလေးထားဆောင် ရွက်ကြဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးရွှေလေးကပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အ သင်းတို့ ပူးပေါင်း၍ အဆောက်အဦ ၁၈၈ လုံး၊အ ခန်း ၃၀၀၈ ခန်းအနက် ပထမအဆင့်အနေဖြင့် အဆောက်အဦ ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

အလားတူ လုပ်ငန်းဆောင်ရွက်စဉ်တွေ့ကြုံရသည့် အခက်အခဲများနှင့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများအား တိုင်းအစိုးရအဖွဲ့၊သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟုပြောသည်။

“ရေ၊ မီး ရရှိရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်သလို အိမ်ရာစီမံကိန်းအတွင်းမှာ အရိပ်ရသစ်ပင်တွေစိုက်ပျိုးပေးဖို့အတွက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ် အိမ်ရာစီမံကိန်းလုပ်ငန်းတွေ အောင် မြင်စွာပြီးစီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးရွှေလေးကမှာကြားသည်။

ထို့နောက် မန္တ‌လေးတိုင်း၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊ရေသန့်၊လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊စီမံကိန်းအတွက် ဘဏ္ဍာငွေရရှိမှု၊ အိမ်ရာစီမံကိန်းရေရရှိရေး၊လျှပ် စစ်ရရှိရေးနှင့်အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုတို့အား ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်၊မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအ သင်း နာယကနှင့်ဥက္ကဋ္ဌ၊လျှပ်စစ်စွမ်းအင် ဝန်ကြီး ဌာန၊မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပို ရေးရှင်း Board Of Director ၊တိုင်းသယံဇာတရေး ရာဝန်ကြီးနှင့်တာဝန်ရှိသူများက အိမ်ရာစီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်အကောင်အ ထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ လုပ်ငန်း လိုအပ်ချက်အရ Infrastructure လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့ကြသည်။

မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းရှိ အခန်း ၁ ခန်းလျှင် ဧည့်ခန်း၊အိပ်ခန်း ၂ ခန်း၊ ချက် ပြုတ်ခန်းပါသည့် ၄ ခန်းတွဲ ၅ ထပ် အဆောက်အ ဦး ၁၈၈ လုံး၊ အခန်း ၃၀၀၈ ခန်း အနက် Phase 1 အနေဖြင့် အဆောက်အဦး ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်းအား အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here