ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှု ရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးအပ်

0
69

ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှု ရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးအပ်

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ဇီးတောကျေးရွာရှိ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက် ပံ့သည့် လူမှုရေးပင်စင်ငွေများအား ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်မြို့နယ်ထွေအုပ်မှရပ်ကျေးစာရေးဝန်ထမ်းများမှ နေအိမ်များသို့သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ရာတွင် သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ပထမ ၃ လပတ်ဖြစ်သည့် ဧပြီ၊မေ၊ဇွန် လတို့အတွက် လူမှုရေးပင်စင်ငွေ တစ်ဦးလျင် သုံးသောင်းကျပ်စီအား ဇီးတောကျေးရွာရှိ ဘိုး ဘွား ၂၀ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် သည်။

ပွင့်ဖြူမြို့နယ်တွင် လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၉၅၆ ဦးရှိကာ နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ၃ လတစ်ကြိမ် လူမှုရေးပင်စင်ငွေများအား ထောက်ပံ့ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here