မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
271

မုံရွာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်မှာ ခရိုင်စီမံအုပ် ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းဇော်ထွန်း ဆိုသူဖြစ်ပြီး ကားမောင်းနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

” ဟုတ်တယ် ညီလေးရေ ။ အစ်ကိုတို့ အိမ်နားတင် ဖြစ်သွားတာ။ ခေါင်းကို ပစ်သွားတာ။ သေပြီ” ဟု အနီးပတ် ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးက အတည်ပြုသည်။

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ နှင်းဆီလမ်းပေါ်တွင် ကားမောင်းနေစဉ် သေနတ်သများမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြန် မာနိုင်ငံ မြို့ကြီးအချို့တွင် နစက၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရေ (၅) ဦး ထက်မနည်း ရှိခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here