မဲဆောက်မြို့၌ လူမိုက်ဂိုဏ်း ၂ ခုခိုက်ရန်ဖြစ်ပွားကာ သေနတ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

0
299

မဲဆောက်မြို့၌ လူမိုက်ဂိုဏ်း ၂ ခုခိုက်ရန်ဖြစ်ပွားကာ သေနတ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင် ဇွန် ၁၈ ရက်ညပိုင်းက လူမိုက်ဂိုဏ်း ၂ ခုခိုက်ရန်ဖြစ်ပွားကာ သေနတ်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူမိုက်ဂိုဏ်း ၂ ခု၏ ရန်ပွဲနှင့်အပြန်အ လှန်ပစ်ခတ်မှုသည် လွမ်ဘုန်း‌တော်ကြီးကျောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တုတ်၊ဓားတို့ဖြင့် တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ သတင်းစောင့်ကြည့်နေတယ် အဓိက ကျွန်တော်တို့နိုင်ငံသားတွေ ရန်ပွဲမှာပါမပါဆိုတာကို လက်ရှိအချိန်ထိတော့ ကျွန်တော်တို့နိုင်ငံသားတွေတစ်ယောက်မှမပါဘူး”ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ခိုက်ရန်ဖြစ်ပွားမှုနှင့်အပြန်အလှန်ပစ်ခတ်မှုတို့ကြောင့် အခင်းဖြစ်နေရာအနီး၌ ရန်ပွဲတွင်ပါဝင်သူတစ်ဦး၏ ကားတစ်စီးမှာ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရန်ပွဲ၌ပါဝင်ခဲ့သည့် အမျိုးသား ၄ ဦးနှင့်အမျိုးသမီးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဲဆောက်မြို့ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်အား မဲဆောက်မြို့တာဝန်ရှိသူ များမှ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here