ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေး လှေကြုံလိုက်စီးပြီး လုပ်စားနေသည့် ပါတီမဟုတ်ဟု ဦးသောင်းအေးပြော

0
224

ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေး လှေကြုံလိုက်စီးပြီး လုပ်စားနေသည့် ပါတီမဟုတ်ဟု ဦးသောင်းအေးပြော

ကြံ့ခိုင်ရေးပါတီသည် နိုင်ငံရေး လုပ်စားရုံသက်သက် ၊ နိုင်ငံရေး လှေကြုံ လိုက်စီးနေသည့် ပါတီ မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးသောင်းအေးက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင်ပြုလုပ်သည့် ပါတီအောင်နိုင်ရေး ပေးအပ်သည့်အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကြံ့ခိုင်ရေးပါတီဟာ သာမန် နိုင်ငံရေးလှေကြုံလိုက်စီးတဲ့ ပါတီမဟုတ်ဘူး။ နိုင်ငံရေးလုပ်စားရုံသက်သက်နဲ့ ပြည်ခိုင်ဖြိုးပါတီဖြစ်တည်လာတဲ့ ပါတီမဟုတ်ပါဘူး၊တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ပြီးတော့ တည်ဆောက်ခဲ့ကြတဲ့ ပါ တီ ဖြစ်တယ်” ဟု ဦးသောင်းအေးက ပြောသည်။

ထို့အပြင် ကြံ့ခိုင်ရေးပါတီအနေဖြင့် နိုင်ငံတော် တည် ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပြီး အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် သမိုင်းကြောင်း ကောင်းကောင်းဖြင့် ပါဝင်ခဲ့သည့် ပါတီတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

” တို့ဟာ သာမန် နိုင်ငံရေး လုပ်စားဖို့ မွေးဖွားလာတဲ့ ပါတီမဟုတ်ဘူး။ တို့တိုင်းပြည်အကျိုး ၊ အမျိုးသားအကျိုး စီးပွား ၊ နိုင်ငံတော်နဲ့ နိုင်ငံ‌သားတွေရဲ့ အကျိုးအတွက် သ မိုင်းကြောင်း ကောင်းကောင်းနဲ့ ပေါ်ပေါက်လာတဲ့ ပါတီဖြစ်တယ်” ဟု ဦးသောင်းအေးက ပြောသည်။

ဇွန်လ ၁၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှု ဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စုနယ် မြေပါတီကော်မတီဝင်များ၊ ဒက္ခိဏသီရိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု နယ်မြေပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပါတီအောင်နိုင်ရေးအလံတော်အား ဒက္ခိဏသီရိမြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဟန်ညီတို့သို့ ပေးအပ်ခဲ့ပါသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here