ချမ်းအေးသာစံမြို့နယ် မြဝတီဘဏ်‌ရှေ့၌လက်လုပ်ဗုံး ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

0
53

ချမ်းအေးသာစံမြို့နယ် မြဝတီဘဏ်‌ရှေ့၌လက်လုပ်ဗုံး ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ

မနွတလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြဝတီဘဏ်သည် ဇွန် ၁၉ ရက်ည ၈ နာရီခန့်က လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရသည်ဟု သိရသည်။

မြဝတီဘဏ်အား ၂၆ လမ်းမှ ၈၁ လမ်းအတိုင်း အ မည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့်မောင်းနှင်ရောက်ရှိလာကာ ဘဏ်ရှေ့အရောက် လက် လုပ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးသည် ဘဏ်ရှေ့၌ကျရောက် ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုအနီးတွင်ရှိနေသည့် အသက်(၆၀)နှစ်နီးပါးခန့်ရှိ အမျိုးသမီးတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ဆေးကုသမှုခံယူရန်ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဘဏ်ရှေ့၌ရပ်ထားသည့် မြဝတီဘဏ်မှကားတစ်စီး၏ ရှေ့ဘီး ၂ လုံး၊ဘယ်ဘက်နောက် ဘီးတို့ပေါက်ကာ ကားရှေ့ဘယ်ဘက်မှန်တံခါးပျက်ဆီးခဲ့ရကြောင်း သိရသည်။

“အဲဒီဘဏ်က ဗုံးပစ်ခံရတာ အခုတစ်ကြိမ်နဲ့ဆိုရင် ၂ ခါရှိပြီ ပထမတစ်ခါတုန်းကလည်း ဒဏ်ရာရတဲ့လူတွေရှိခဲ့တယ်”ဟု မြို့နယ်နေသူတစ်ဦးကပြော သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here