ဖားကန့်တွင် (၃) လောင်းပြိုင် အသတ်ခံရသည့်ဖြစ်စဉ်ဖြစ်၊ အလောင်းများကို မှော်စီစာရွာ ဆိုင်းဘုတ်အနီးတွင် လာပစ်သွား

0
164

ဖားကန့်တွင် (၃) လောင်းပြိုင် အသတ်ခံရသည့်ဖြစ်စဉ်ဖြစ်၊ အလောင်းများကို မှော်စီစာရွာ ဆိုင်းဘုတ်အနီးတွင် လာပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အမျိုးသား (၃) ဦး လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် ဖြစ်စဥ်တစ်ခု ယနေ့ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသတ်ခံထားရသည့် ရုပ်အလောင်းများကို ဖားကန့်မြို့နယ်၊ မှော်စီစာ ကျေးရွာ ဆိုင်းဘုတ်အနီးတွင် ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများသည် လက်ပြန်ကြိုး တုပ်လျက်အနေအ ထားဖြင့် သေနတ်ဖြင့် ပစ်သတ်ခံထားရခြင်းဖြစ်ကြောင်း လည်း သိရသည်။

” ဖိုင်ဘာ ချုပ်ကြိုးနဲ့ တုပ်ထားတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်သတ်ထားတယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာလည်း တွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူများ၏ အနီးတွင် ကျည်ဆံအခွံများ တွေ့ရှိရပြီး အခင်းဖြစ်နေရာတွင် ပစ်သတ်ခံရခြင်း ဟုတ်မဟုတ် အတည်ပြု၍ မရကြောင်း ၎င်းက ပြောသည်။

သေဆုံးသူများထဲမှ တောမှော်ကျေးရွာမှ ဦးသက်ချိုဦးအသက် (၆၀) နှစ်နှင့် ရွာသစ် ကျေးရွာနေ ဦးထွန်းအောင် အသက် (၅၂)နှစ် တို့ကိုသာ အတည်ပြုနိုင်ပြီး ကျန်တစ်ဦးမှာ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

အတည်ပြုရရှိသည့် သေဆုံးသူ (၂) ဦးတွင် သေနတ်ဒဏ်ရာ (၂) ချက်စီ တွေ့ရှိရပြီး ကျန်တစ်ဦးတွင် သေနတ်ဒဏ်ရာ (၃) ချက်တွေ့ရကြောင်းနှင့် ယနေ့နံနက် (၁) နာရီ ဝန်းကျင်က မှော်စီစာ ဆိုင်းဘုတ်အနီးတွင် လာပစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here