ကိုလမ်ဘီယာသမ္မတသစ်နှင့်အတူလက်တွဲလုပ်​ဆောင်ရန်မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

0
174

ကိုလမ်ဘီယာသမ္မတသစ်နှင့်အတူလက်တွဲလုပ်​ဆောင်ရန်မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆို

ဘိုဂိုတာ(ကိုလမ်ဘီယာ)၊ဇွန် ၁၉

ဇွန်လ ၁၉ ရက်နေ့ကကျင်းပခဲ့သော ကိုလမ်ဘီယာနိုင်ငံရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော သမ္မတသစ်မစ္စတာ ဂူစတာဗိုပီထရို၏ အနိုင်ရရှိမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအန်တိုနီဘလင်ကန်ကဆိုသည်။

“လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမှာ မိမိတို့ရဲ့ဆန္ဒအတိုင်း လွတ်လပ်စွာဆန္ဒမဲပြုခဲ့ကြတဲ့ ကိုလမ်ဘီယာပြည်သူတွေကိုဂုဏ်ပြုပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဘလင်ကန်ကဆိုသည်။

ဆက်လက်၍ “အမေရိကန် – ကိုလမ်ဘီယာဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံ ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ လျှောက်လှမ်းရန် ရွေးကောက်ခံသမ္မတမစ္စတာ ပီထရို နှင့်လက်တွဲလုပ်ဆောင်ရန် လည်းမျှော်လင့်နေပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

Source – Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here