ဝ ပြည်နယ်အတွင်း ၀င်ရောက်ခွင့်ပြုပြီဖြစ်၊ ၀င်ရောက်လိုများ ကွာရတင်း နှစ်ပတ်ဝင်ရမည်

0
117

ဝ ပြည်နယ်အတွင်း ၀င်ရောက်ခွင့်ပြုပြီဖြစ်၊ ၀င်ရောက်လိုများ ကွာရတင်း နှစ်ပတ်ဝင်ရမည်

၀ ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါအတွက် လော့ဒေါင်းချမှတ်ထားရာမှ ဖြေလျှော့လိုက်ပြီဖြစ်သည့်အတွက် ပြန်လည်ဝင်ရောက်ခွင့်ပြုထားရာ၊ ၀င်ရောက်လိုသူများအနေဖြင့် ကွာရတင်း နှစ်ပတ်ဝင်ရမည်ဖြစ်ကြောင်း ယနေ့ဇွန် ၂၀ ရက် ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝပြည်နယ်အတွင်းဝင်ရောက်လိုသူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ကိုင်ဆောင်ထား သူများဖြစ်ရမည်ဖြစ်ပြီး၊ နီးစပ်ရာဆက်ဆံရေးရုံးများတွင် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ဝင်ခွင့်အား UWSA ဗဟိုဋ္ဌာနချုပ်၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ လော့ဒေါင်းကို အခု ဇွန်လမှာဖြေလျှော့လိုက်ပါပြီ။ ဆက်ဆံရေးရုံးတွေရှိတဲ့ လားရှိုးရုံး၊ တန့်ယန်းရုံး၊ ကျိုင်းတုံရုံးနဲ့ တာချီလိတ်ရုံးတွေမှာ နီးစပ်ရာစာရင်းပေးသွင်းလို့ရပါပြီ။ ပြည်နယ်အတွင်းမှာ လက်ရှိ ရောဂါပိုးတွေ့ရှိမှု မရှိသလောက်နည်းပါးသွားပြီးတော့ ဆေးကိုလည်း နှစ်ကြိမ်အပြည့်ထိုးနှံပြီးသွားပါပြီ။ လာရောက်မယ့် သူတွေအနေနဲ့ ကွာရတင်း နှစ်ပတ်တော့ ၀င်ရမှာပါ” ဟု လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ၀ ပြည်နယ်အတွင်းရှိ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်၊ မိုင်းမောခရိုင်၊ ပန်ခမ်းအထူးမြို့နယ်နှင့် နမ့်တစ်အထူးမြို့နယ်များအတွင်း ၀င်ရောက်ဖြတ်သန်းသွားလာမှုကို ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်တွင် လော့ဒေါင်း ချမှတ်ခဲ့ခြင်းများရှိခဲ့ကြောင်း သိရသည်။

Photo – WSTV

ယခုဖော်ပြထားသောပုံမှာ ယခင်ပုံဟောင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here