ကလန်တန်ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန် မာသံရုံးဒု-အတွင်းဝန်တွေ့ဆုံ

0
106

ကလန်တန်ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန် မာသံရုံးဒု-အတွင်းဝန်တွေ့ဆုံ

ထိုင်း-မလေးရှားနယ်စပ်ရှိ ကလန်တန်ပြည်နယ်၊ Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာနထိန်း သိမ်းရေးစခန်း၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား သွားရောက်တွေ့ဆုံခဲ့သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ ဒု-အတွင်းဝန်နှင့်တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင်သွားရောက် ၍ Tanah Merah လူဝင်မှုကြီးကြပ်ရေးဌာနထိန်း သိမ်းရေးစခန်း၌ မြန်မာနိုင်ငံသား အမျိုးသား ၇၈ ဦး၊အမျိုးသမီး ၂၃ ဦးနှင့်ကလေး ၂ ဦး(စုစုပေါင်း ၁၀၃ ဦး)အားတွေ့ဆုံအားပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများဟုတ်၊မဟုတ်အား စစ်ဆေး၍ အထောက်အထားပြည့်စုံသည့် မြန်မာ နိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့ပေးနိုင်ရန် မလေးရှားနိုင်ငံမှသက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here