ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့နှင့် မွေးနေ့ပွဲအကျဥ်းချုံးပြုလုပ်

0
134

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့နှင့် မွေးနေ့ပွဲအကျဥ်းချုံးပြုလုပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်က ယနေ့ဇွန် ၂၀ရက် ရုံးချိန်းတွင် သူမ၏ အမှုလိုက်ရှေ့နေအဖွဲ့နှင့် မွေးနေ့ကိတ်ခွဲကာ မွေးနေ့ပွဲအကျဥ်းချုံး ပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံသိရသည်။

အဆိုပါ အကျဥ်းချုံးပြုလုပ်သည့်မွေးနေ့ပွဲကို တရားခွင် မစတင်မီပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ရဟတ်ယာဥ်ဝယ်ယူသုံးစွဲပြုပြင်ခြင်းဆိုင်ရာ အမှုတစ်ခုဖြစ်သည့် ရာကြီးမှုအမှတ် ၄၆/၂၀၂၁ အမှုကိုစစ်ဆေးခဲ့ကြပြီး၊ ယင်းအမှုအတွက် ဒုတိယဝန်ကြီးဦးစိုးအောင်ကို ပြန်လှန်စစ်မေးနေစဥ် အချိန်လုံလောက်မှုမရှိတော့သဖြင့်ရုံးချိန်းကိုပြန်လည်ချိန်းဆိုလိုက်ကြောင်းသိရသည်။

ယနေ့တွင် ရာကြီးမှုအမှတ် ၄၆/၂၀၂၁အမှုနှင့် ၄၇/၂၀၂၁အမှုတို့ကိုစစ်ဆေးရန်ရှိသော်လည်းတစ်မှုကိုသာ စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအား လာမည့် ဇွန်၂၇ရက်(တနင်္သာနေ့)သို့ ပြန်လည်ချိန်းဆိုထားသည်။

ပြီးခဲ့သော ဇွန် ၁၃ ရက်ရုံးချိန်းတွင် ရဟတ်ယာဥ်အမှုနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများကို တရားလိုဖြစ်သူ ဦးအောင်ခန့်က ရုံးတော်သို့ တင်ပြပြီးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here