နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် DKBA ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး ဆွေး နွေး

0
243

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် DKBA ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေး ဆွေး နွေး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့်ကိုယ် စားလှယ်အဖွဲ့တို့ ဇွန် ၂၀ ရက်နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် DKBA မှစစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး တို့မှနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဇွန် ၂၁ ရက်(ယ​နေ့) တွင်ငြိမ်းချမ်းရေးအတွက်ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲအား နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ် ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီးနှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် စောစိန်ဝင်း၊စောကျော်သန်းဌေးတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here