ကနေဒါသည် တစ်ခါသုံးပလတ်စတစ်များ ထုတ်လုပ်ခြင်း၊တင်သွင်းခြင်းကို တားမြစ်သွားမည်

0
124

ကနေဒါသည် တစ်ခါသုံးပလတ်စတစ်များ ထုတ်လုပ်ခြင်း၊တင်သွင်းခြင်းကို တားမြစ်သွားမည်

ကနေဒါအစိုးရသည် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းအများစု ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်းကို တားမြစ်ရန်အတွက်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ကာ ယင်းစည်းမျဉ်းများကိုလည်း ဒီဇင်ဘာလမှ စတင်၍ အသက်ဝင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့ တနင်္လာနေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါတားမြစ်ချက်၌ ဈေးသုံးအိတ်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအသောက်ဝန်ဆောင်မှု ပေးရာတွင်သုံးသည့် ဖော့ဘူးများ စသည့် တစ်ခါသုံးပစ္စည်းများအပါအဝင် ပြန်လည်အသုံးပြုရန် ခက်ခဲသော ပလတ်စတစ် ပစ္စည်းများကိုပါ တားမြစ်သွားမည်ဖြစ်ကြောင်း ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို တားမြစ်ချက်သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၌ စတင်အသက်ဝင်လိမ့်မည်ဖြစ်သည်။

ကနေဒါနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား ယင်းကဲ့သို့ ပလတ်စတစ်တားမြစ်သည့် အကူးအပြောင်းကာလတွင် အသားကျရန်နှင့် ၎င်းတို့လက်ကျန်ပစ္စည်းများအားကုန်​အောင် အသုံးပြုဖို့အတွက် အချိန်အလုံအလောက်ပေးရန် အဆိုပါပစ္စည်းများရောင်းချခြင်းကိုမူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌သာ တားမြစ်သွားမည်ဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

ထို့နောက် အစိုးရသည် ၂၀၂၅ နှစ်ကုန်ပိုင်း၌ ပလတ်စတစ်ပို့မှုအား အမျိုးအစားခြောက်မျိုးခွဲကာ တားမြစ်သွားမည်ဖြစ်သည်။

ကနေဒါ၌ နှစ်စဉ် ဈေးသုံးပလတ်စတစ်အိတ် ၁၅ ဘီလီယံအထိအသုံးပြုနေပြီး အချိုရည်​သောက်ပိုက် ၁၆ သန်းခန့်အား နေ့စဉ်အသုံးပြုနေကြောင်း အစိုးရကိန်း၏ဂဏန်းအများအရ သိရှိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here