ဖားကန့်တွင် ရေမဆေးသမားနှစ်ဦး စကားများရာမှ ဓားခုတ်မှုဖြစ်

0
153

ဖားကန့်တွင် ရေမဆေးသမားနှစ်ဦး စကားများရာမှ ဓားခုတ်မှုဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရေမဆေးသမားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ဓားဖြင့်ခုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ဇွန်လ (၂၀) ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၀ ရက် ညနေ (၆)နာရီဝန်းကျင်တွင် ရေမဆေးရှာ‌ဖွေသူနှစ်ဦး လုပ်ကွက်ကိစ္စ စကားများရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဆိပ်မှုကျေးရွာအုပ်စု ဆိုင်းတောင်ကျေး ရွာရှိ ဘဇံချောက် လုပ်ကွက်‌တွင် လုပ်ကွက်လုကြရာမှ စတင်စကားများခြင်းဖြစ်ပြီး အနီးရှိ ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့် ခုတ်ခဲ့သည့်အတွက် ရေမဆေးသမား တစ်ဦးမှာ ရင်ဘတ်နှင့် ညာဘက်လက်တို့တွင် ဓားဒဏ် ရာများရရှိခဲ့ပြီး သွေးထွက်လွန်ကာ စိုးရိမ်ရသည့်အခြေ အနေ တွင်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က ဖားကန့်ဆေးရုံ တန်းပို့တယ်။ အခြေနေမကောင်းလို့ ခုမနက် မြစ်ကြီးနား ဆေးရုံ ပို့လိုက်ပြီ” ဟု လိုက်ပါကူ ညီပေးသည့် ဒေသခံတစ်ဦးက ပြောသည်။

ဓားခုတ်ခံရသူမှာ အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး စိုးရိမ်ရသည့်အနေအထားတွင် ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်း လုပ်ကွက်များတွင် ရေမဆေးရှာဖွေသူအချင်းချင်း မကြာခဏ ခိုက်ရန် ဖြစ်ပွားမှာများရှိနေကာ သေဆုံးမှုများလည်း မကြာခဏရှိနေခြင်းဖြစ်သည်။

ယခုလ (၂) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိတ်မှုကျေးရွာအုပ်စုအတွင်း ရေမဆေးသမားနှစ်ဦး စကားများရန်ဖြစ်ကာ သံတိုင်ချွန်ဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့‌သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here