အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက် မီးပုလင်းများဖြင့်ပစ်ပေါက်ခံရ

0
209

အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက် မီးပုလင်းများဖြင့်ပစ်ပေါက်ခံရ

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ရွာမအနောက်ရပ် ကွက်ရှိ ရွာမပရိယတ္တိစာသင်တိုက်အား အမည်မသိအမျိုးသားများက ဇွန် ၁၉ ရက်ညပိုင်းက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၆ နာရီခန့်က ရွာမအနောက်ရပ်ကွက်၊မြို့ပတ်လမ်းရှိ ရွာမပရိယတ္တိစာသင်တိုက်အား ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက စာသင်တိုက်ဘေးရှိ မြို့ပတ်လမ်းမှ မီးပု လင်း ၂ ခုဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရွာမပရိယတ္တိစာသင်တိုက်အား မီးပုလင်းဖြင့်ပစ်ပေါက်ခဲ့ရာ မီးပုလင်းများသည် ၃ ထပ်ကျောင်းဆောင်အုတ်နံရံအားထိမှန်ခဲ့သဖြင့် ဒုတိ ယထပ်ရှိ ပြတင်းပေါက်မှန် ၁ ချပ်ပျက်စီးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဘာသာရေးအဆောက်အဦးအား မီးပုလင်းများဖြင့်ပစ်ပေါက်ဖျက်ဆီးသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here