မိခင်ဖြစ်သူ နေအိမ်သို့ ပြန်လာသည့် တပ်ကြပ်ကြီး သေ နတ်ဖြင့် ပစ်သတ်ခံရ

0
231

မိခင်ဖြစ်သူ နေအိမ်သို့ ပြန်လာသည့် တပ်ကြပ်ကြီး သေ နတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မိခင်ဖြစ်သူ နေအိမ်သို့ ပြန်လာသည့် တပ်ကြပ်ကြီးကို ယနေ့ ဇွန် (၂၁) ရက် နံနက်နက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်သတ်သွားကြောင်း သိရသည်။

တပ်ကြပ်ကြီး မျိုးထွေးဆိုသူအား မဟာအောင်မြေမြို့ နယ်၊ အောင်ချမ်းသာရပ်ကွက် ဓမ္မာရုံအနီးတွင် သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဟုတ်ပါတယ်။ ဖြစ်တာက သံ/နောက် အပိုင်းပေါ့နော်။ အောင်ချမ်းသာ ဓမ္မာရုံနားမှာ ဖြစ်တာ။ အမေအိမ် ပြန် လာတာလို့တော့ ကြားတာပဲ” ဟု မဟာအောင်မြေမြို့နယ် အတွင်းနေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် ရန်ကုန်တွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး တစ်ဦးဖြစ်ပြီး မန္တလေးမြို့သို့ ပြန်ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေးကြောင်းလည်း ဒေသခံများထံမှသိရသည်။

” ဟုတ်တယ်၊ ဟုတ်တယ် ။ မကြာသေးဘူးလို့ ပြောတယ်” ဟု အဆိုပါ ဒေသခံက ထပ်ပြောသည်။

သေဆုံးသူ တပ်ကြပ်ကြီး မျိုးထွေးသည် သေနတ် ဒဏ် ရာ(၅) ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့များ ရောက်ရှိလာကာ ရပ် ကွက်အတွင်း ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here