စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်နယ်စပ် စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားပေါ်မှ ကျည်ဆံနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

0
303

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ်နယ်စပ် စစ်ဆေးရေးဂိတ်တွင် အိမ်စီးကားပေါ်မှ ကျည်ဆံနှင့် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မိုးညှင်းမြို့နယ်အတွင်းမှ နန့်စီအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိမ်စီးကားပေါ် တင်လာသည့် ကျည်ဆံများနှင့် ကျောက် စိမ်းအရိုင်းတုန်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။

နန့်စီအောင် ဂိတ်တွင် တာဝန်ကျ လုံခြုံရေးအဖွဲ့များ လုံ ခြုံရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ဇွန်လ (၂၀) ရက် နေ့လယ်ပိုင်းက ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှ မန္တလေးမြို့သို့ ယာဉ်မောင်း ဝင်းနိုင်စိုး မောင်းနှင်းပြီး ခရီးသည် ကျား (၄)ဦး လိုက်ပါလာသည့် TOYATA lpsum ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကားခေါင်းခန်းအင်ဂျင်ခန်းအတွင်း အဲယားကလင်ဒါ အဖုံးအောက် ပလပ်စတစ်အမဲရောင်အိပ်ငယ်(၂)အိပ်ဖြင့် ထည့်ထားသော 7.62×39 ကျည် (၂၀၀)တောင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုက်ဘာအံအတွင်း ပလပ်စတစ် အမဲရောင် အိပ်ငယ် (၃) အိပ်ဖြင့် ထည့်ထားသည့် 7.62×39ကျည်အမျိုးအစား (၃၁၆)တောင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ရှေ့အပြင် ကားစက်ခန်းအတွင်း၌ ရှေ့ထွက်မိုင်း (အ ဟောင်း) အမြင့် ၄.၃ လက်မ၊ အချင်း ၃ လက်မခန့်ရှိ အ ကြီး(၂)လုံး၊ အမြင့် ၃.၈ လက်၊ အချင်း ၁.၈ လက်မခန့်ရှိ အသေး(၆)လုံး၊ စနက်တံ(၅)ခု ကိုပါ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ကားနောက်ဖုံးအတွင်းရှိ ဘယ်ဘက်အံဝှက်ထဲမှ အဝါရောင် တိတ်ဖြင့်ပတ်ထားသော ကျောက်စိမ်းဟုယူဆရသည့် ကျောက်ဖျက်စများကိုပါ စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယင်းပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဝင်းနိုင်စိုးအား မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here