ကိုဗစ်နှင့်စွန့်ပစ်အမှိုက်ပင်လယ်

0
111

ကိုဗစ်နှင့်စွန့်ပစ်အမှိုက်ပင်လယ်

​ဘေဂျင်း၊ဇွန် ၂၀

ပြီးခဲ့သည့်အပတ်က တရုတ်အာဏာပိုင်များက တစ်ကျော့ပြန်အရှိန်ရလာသည့်ကိုဗစ်နှင့်အတူ တခါသုံးစွန့်ပစ်ပစ္စည်းပြဿနာတစ်ခုကိုလည်းသတိပေးခဲ့ကြသည်။

ပြီးခဲ့​သောလများဆီက တရုတ်တွင်ကိုဗစ်ကူးစက်မှုထပ်မံမြင့်တက်လာသောကြောင့် အစိုးရက အချင်းချင်းခပ်ခွာခွာနေခိုင်းခြင်း‌၊ကွာရန်တင်းစင်တာများတိုးမြှင့်ဆောက်လုပ်ခြင်းနှင့် ရောဂါစစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်လာခဲ့သည်။

ယခုအခါ ထိုသို့တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများကအခြားပြဿနာတစ်ရပ်သို့ဦးတည်နေပြန်သည်။ထိုသို့စစ်‌ဆေးရာမှထွက်လာသော ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများအဖြစ်ထွက်ပေါ်လာပြန်သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒအရ Test Kit စစ်ဆေးမှုကိုအဓိကထားအသုံးပြုခဲ့ကြသဖြင့် ယခုအခါဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းပင်လယ်ပြင်အလားဖြစ်လာပြီး အဆိုပါစွန့်ပစ်ပစ္စည်းများကို ရှင်းလင်းဖို့အတွက်အစိုးရကို ဒေါ်လာသန်းနှင့်ချီကုန်ကျစေကာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ကျွမ်းကျင်သူများကဆိုကြသည်။

ထို့ပြင် ရှန်ဟိုင်းရှိ New York တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်လေ့လာသူ မစ္စတာ Yifei Li ကလည်း “အခုကာလ နေ့စ‌ဉ်ပုံမှန်ထွက်သမျှ ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းတွေက အရင်ကတစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ပမာဏကိုဖြစ်နေပြီ” ဟုဆိုခဲ့သည်။

စနစ်တကျ မစွန့်ပစ်ပါက ဇီဝဗေဒဆိုင်ရာ စွန့်ပစ်ပစ္စည်းများသည် မြေဆီလွှာနှင့် ရေလမ်းကြောင်းများကို ညစ်ညမ်းစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟုဖော်ပြထားသည်။

Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here