နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် DKBA အဖွဲ့တို့ ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

0
124

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် DKBA အဖွဲ့တို့ ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့်ကိုယ် စားလှယ်အဖွဲ့တို့ ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား ဇွန် ၂၁ ရက်နံနက်ပိုင်းက အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အချက်များ၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာ ဆန်းစစ်ဖော်ထုတ်စီစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီဝင်ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရှင်းလင်းဆွေးနွေးခဲ့သည်။

အလားတူ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ဆွေးနွေးညှိနှိုင်း၍ ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦး စီးချုပ်အဆင့်ရှိ စောစတီး တို့ကနိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဒု-ဗိုလ် ချုပ်ကြီးရာပြည့်နှင့် နစက အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး၊အဖွဲ့ဝင်များဖြစ်သည့် စောစိန်ဝင်း၊စောကျော်သန်းဌေးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here