ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ၉ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းးနိုင်ဟု မိုးဇလထုတ်ပြန်

0
85

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ၉ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းးနိုင်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှ ဇွန် တတိယပတ် ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်များအား ထုတ်ပြန်ရာ၌ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊စစ် ကိုင်းတိုင်းအထက်ပိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ၇ ရက်ခန့်မှ ၉ ရက်ခန့်အထိ မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ နေပြည်တော်၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်လည်း ၄ ရက်ခန့်မှ ၆ ရက်ခန့်အထိ မိုးသည်းထန်စွာထစ် ချုန်းရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ရွှေကူမြို့နှင့်ကသာမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့၊မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်အထိ လက်ရှိရေမှတ်များအထက် သို့မြင့်တက်နိုင်ကြောင်း မိုးဇလမှထုတ်ပြန်ခဲ့သည်။

အလားတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေးဝမြို့၊မင်းကင်းမြို့၊ကနီမြို့နှင့်မုံရွာမြို့တို့တွင် ၂ ပေမှ ၅ ပေခန့်အထိ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်လာနိုင်သည်။

ထို့ပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ရွှေစာရံနှင့်မြစ်ငယ်မြို့တို့တွင် ပေ ဝက်မှ ၃ ပေခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊ရွှေကျင်မြစ်ရေသည် ရွှေ ကျင်မြို့တွင် ၂ ပေခန့်အထိ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့အတူ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့်ပဲခူးမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့်ဘားအံမြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ပေခွဲခန့်၊ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့်ပုသိမ်မြို့တို့တွင် ၁ ပေမှ ၃ ပေခန့်၊တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ၂ ပေမှ ၅ ပေခန့်၊လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၁ ပေခန့်နှင့်ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခန့်အထိ လက်ရှိရေမှတ်များအထက်သို့ မြင့်တက်လာနိုင်သည်ဟု မိုးဇလမှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here