UNHCR အနေဖြင့် လက်ရှိအချိန်အထိ လူဦးရေ ၃သိန်းကျော်အတွက် ထောက်ပံံ့ပေးအပ်နိုင်ခဲ့ဟုထုတ်ပြန်

0
94

UNHCR အနေဖြင့် လက်ရှိအချိန်အထိ လူဦးရေ ၃သိန်းကျော်အတွက် ထောက်ပံံ့ပေးအပ်နိုင်ခဲ့ဟုထုတ်ပြန်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)အနေဖြင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ ၃ သိန်းကျော်အတွက် လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှု များလုပ်ဆောင်ပေးအပ်နိုင်ခဲ့သည်ဟု ယနေ့ ဇွန် ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ထောက်ပံ့ကူညီရာတွင် လူဦးရေ ၁၈၂,၁၃၀ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ လူဦးရေ ၉၅,၂၁၃ ဦးအတွက် အရေးပေါ် အမိုးအကာ အထောက်အပံ့များ၊ လူဦးရေ ၁၈,၀၈၄ ဦးအတွက် ယာယီအမိုးအကာအထောက်အပံ့များနှင့် လူဦးရေ ၁၂,၅၆၃ ဦးအတွက် အရေးပေါ်ငွေသားအကူအညီများ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသည် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ သိန်းချီသောပြည်သူလူထုအတွက် လိုအပ်ချက်များအပေါ်မူတည် ၍ ကူညီထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

UNHCR အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုညီထောက်ပံ့မှု အစီအစဥ်များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီး၊ မြန်မာနိုင်ငံတဝှမ်းနှင့် အထူးသဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသော ဒေသများရှိ လူမှု အသိုက်အဝိုင်းထံသို့လူသာချင်းစာနာမှု ဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရန် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများကို လေ့လာဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here