၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တွင်​ဒေသတွင်းစိန်​ခေါ်မူများအားအဓိကထား​ဆွေး​နွေး

0
153

၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တွင်​ဒေသတွင်းစိန်​ခေါ်မူများအားအဓိကထား​ဆွေး​နွေး

ဖနွမ်းပင်၊ဇွန် ၂၂

၁၆ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ကို ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီး ဒေသတွင်း အဓိက စိန်ခေါ်မှုများနှင့် လုံခြုံရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင်ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Banh တို့က သဘာပတိအဖြစ်​ဆောင်ရွက်ပြီးအာဆီယံမှ ကာကွယ်ရေးဝန်ကြီးများ၊အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကာကွယ်​ရေးနဲ့ပတ်သက်၍ လူချင်းတွေ့ဆုံ​ဆွေး​နွေးမူဖြစ်သည်။

“အာဆီယံရဲ့ အဓိကအခန်းကဏ္ဍများ၊ စည်းလုံးညီညွတ်မှု၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ ဒီနေ့ ကတိပြုပါတယ်” ဟု Banh က ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ဘေးအန္တရာယ်များနှင့် ကပ်ရောဂါများအပါအဝင် ဒေသတွင်း ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

” ကျွန်ုပ်တို့၏ဒေသတွင်းကိုရေရှည်တည်တံ့သောငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်သာယာဝပြောရေးဆီသို့ဦးတည်သွားမည်” ဟုသူကပူးတွဲ​ကြေငြာချက်ကို ထပ်ပြောသည်

အာဆီယံအဖွဲ့များမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။

Ref: business-standard


LEAVE A REPLY

Please enter your comment!
Please enter your name here