မုဒုံမြို့နယ်တွင် ဆီဘောက်စာကားတိမ်းမှောက်မီး လောင်၍ ကားမောင်းလာသူသေဆုံး

0
218

မုဒုံမြို့နယ်တွင် ဆီဘောက်စာကားတိမ်းမှောက်မီး လောင်၍ ကားမောင်းလာသူသေဆုံး

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊အဘစ်ကျေးရွာအနီးတွင် ဇွန် ၂၂ ရက်(ယနေ့)မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

အဘစ်ကျေးရွာ၏ တံတားအနီးတွင် ဆီဘောက်စာကားသည် တိမ်းမှောက်ခဲ့ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊

ဖြစ်စဥ်အား မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ Form မီးငြှိမ်းသတ်က ၁ စီး၊သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ Form မီးငြှိမ်းသတ်ကား ၁ စီး၊ မီးသတ်ကား ၁ စီးနှင့်ကမာဝက်နယ်မြေမီးသတ်စခန်းမှမီးသတ်ကား ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၁ ရီ ၄၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“ကားမှောက်ပြီး မီးလောင်တာဆိုတော့ ကားသမားကအချိန်မီမထွက်နိုင်တာပဲလား ဒဏ်ရာရသွားလို့လား ကြောက်လန့်သွားပြီးမထွက်နိုင်တာလားဆိုတာကတော့ သေချာမသိရဘူးပေါ့ သေဆုံးသွားပါတယ်”ဟု မုဒုံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here