ဘင်္ဂလားဒေ့ရှ်ရေကြီးမှုကြောင့် စားရေရိက္ခာပူပန်နေရ

0
151

ဘင်္ဂလားဒေ့ရှ်ရေကြီးမှုကြောင့် စားရေရိက္ခာပူပန်နေရ

ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသောကြောင့် သောက်သုံးရေနှင့် စားနပ်ရိက္ခာခြောက်များကို ပို့ဆောင်ပေးရန်ခက်ခဲနေကြောင်း သိရှိရသည်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းနေချိန် ဇွန်လ ၁၇ ရက် သောကြာနေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရေကြီးရေလျှံမှုများ ဖြစ်ပွား​နေခဲ့သည်။

သဘာဝဘေးနှင့်ကယ်ဆယ်ရေး အငယ်တန်း၀န်ကြီး မစ္စတာ Enamur Rahman က အဆိုးရွားဆုံးထိခိုက်ခဲ့သော Sunamganj နှင့် Sylhet ခရိုင်များတွင် လူပေါင်းတစ်သိန်းကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းပြောကြားခဲ့သည်။

လူဦးရေသန်း ၁၆၀ ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြေနိမ့်ပိုင်းတွင်ရှိကာ ရေကြီးမှုနှင့်ဆိုင်ကလုန်းမုန်တိုင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း ပိုမိုဆိုးရွားလာခဲ့သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့၏အဆိုအရ လက်ရှိအခြေအနေတွင် ကမ္ဘာကြီးပူနွေးလာမှု ဆက်လက်ဖြစ်‌ပေါ်နေပါက လာမည့်ဆယ်စုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေ ၁၇ ရာခိုင်နှုန်းခန့်ကို နေရာရွှေ့ပြောင်းရန် လိုအပ်မည်ဟုဆိုသည်။

Source – Aljerzeera
Photo credit – AP & Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here