မန္တလေး ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများကို တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

0
238

မန္တလေး ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများကို တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်း ဒေသကြီး ၊ မန္တလေးမြို့ရှိ မန္တလေး ဗဟိုကျဉ်းထောင်တွင် အကျဉ်းသားများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ ဇွန်လ (၂၂) ရက် နံနက်ပိုင်းတွင် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ရာတွင် အကျဉ်း သား၊ အကျဉ်းသူနှင့် အချုပ်သား စုစုပေါင်း (၉၀၀) ကျော်ကို ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံရာတွင် ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူများ၊ တစ်ကြိမ် ထိုးနှံပြီးသူများနှင့် (၂)ကြိမ် ထိုးနှံပြီးသူ အကျဉ်းသား(၆၂၀) ဦး၊ အကျဉ်းသူ(၁၁၇) ဦး၊ အချုပ်သား(၁၂၇) ဦးနှင့် အချုပ်သူ(၆၀) ဦး စုစုပေါင်း (၉၂၄) ဦး ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here