၃နိုင်ငံ ငလျင်လှုပ်မူတွင် အာဖဂန်နစ္စတန်က အနည်းဆုံး လူ ၉၂၀ ဦးသေဆုံး

0
51

၃နိုင်ငံ ငလျင်လှုပ်မူတွင် အာဖဂန်နစ္စတန်က အနည်းဆုံး လူ ၉၂၀ ဦးသေဆုံး

ကဘူးလ်၊ ဇွန် ၂၂ ရက်
ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့အစောပိုင်း၌ အာဖဂန်နစ္စတန်နိုင်ငံရှိ ပက်တီကာ ပြည်နယ်အရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၉၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါငလျင်သည် ပါကစ္စတန်နယ်စပ်အနီး ကော့စ်မြို့မှ ၄၄ ကီလိုမီတာအကွာ၌ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနမှ ပြောကြားခဲ့သည်။

ငလျင်သည် ပြင်းထန်ပြီး အကွာအဝေးကျယ်ပြန့်စွာ လှုပ်ခတ်ခဲ့သဖြင့် ယင်းငလျှင်လှူပ်ခြင်းကို အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ လူပေါင်း ၁၉၉ သန်းပါ သိရှိခဲ့ရကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်ဗဟိုဌာန (EMSC)က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

သေဆုံးသူအများစုမှာ ပက်တီကာ ပြည်နယ်မှဖြစ်ပြီး ထိုပြည်နယ်တခုထဲ၌ ပင်လူ၂၅၀ သေဆုံးကာ ၂၀၀​ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားသည်။

ပါကစ္စတန်နိုင်ငံအ​နေဖြင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှုနှင့် ပတ်သက်၍ ချက်ချင်းသတင်းထုတ်ပြန်ခြင်း မရှိသေးချေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here