မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၉ ဦးအားပြန်လည်ပို့ ဆောင်ပေးခဲ့

0
330

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၉ ဦးအားပြန်လည်ပို့ ဆောင်ပေးခဲ့

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးကာ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနက် ၂၉ ဦးအား ဇွန် ၂၂ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများမှ BELANTIK ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသူများအနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း စီစစ်မှန်ကန်သူများအား ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၂၉ ဦးအား ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အလားတူ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ သံအ ရာရှိနှင့်တာဝန်ရှိသူများက မလေးရှားနိုင်ငံ၊ Melaca ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိုးသား ၄၀ ဦး၊အမျိုးသမီး ၆ ဦးတို့အား ဇွန် ၂၂ ရက်ကသွားရောက်တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံသားဟုတ်၊မ ဟုတ်စစ်ဆေးကာ ဟုတ်မှန်ကြောင်း အထောက် အထားပြည့်စုံသူများအား မြန်မာနိုင်ငံသို့အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရန် တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here