တောင်ကိုရီးယား၌ ပထမဆုံးအကြိမ်ပြည်တွင်းဖြစ် နူရီ အာကာသဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

0
189

တောင်ကိုရီးယား၌ ပထမဆုံးအကြိမ်ပြည်တွင်းဖြစ် နူရီ အာကာသဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

ဆိုးလ်၊ ဇွန် ၂၁

တောင်ကိုရီးယားသည် ပြီးခဲ့သည့် အောက်တိုဘာလ၌ မအောင်မြင်ခဲ့သော ဒုံးပျံလွှတ်တင်မှုအပြီး၈လအကြာတွင် ဒုတိယအကြိမ်မြောက်ကြိုးပမ်းမှုအဖြစ် ၎င်း၏ ပထမဆုံးပြည်တွင်း၌ တီထွင်ထားသည့် အာကာသဒုံးပျံကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိပ္ပံဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နူရီ ကို ဇွန်လ ၂၁ ရက် အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ (မြန်စာစံတော်ချိန် ညနေ ၁နာရီခွဲ) ၌ ဂိုယောင်းရှိ ဒုံးပျံလွှတ်တင်သည့် နေရာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါစမ်းသပ်လွှတ်တင်မှု၌ နူရီသည် ဒမ်မီဂြိုလ်တုအပြင် ဒုံးပျံစွမ်းဆောင်ရည်စစ်ဆေးသည့် ဂြိုလ်တုတစ်စင်းနှင့် သုတေသနရည်ရွယ်ချက်အတွက် ဒေသတွင်းတက္ကသိုလ်လေးခုမှ တီထွင်ခဲ့သော ကုဗပုံစံဂြိုလ်တုလေးခုကိုပါ သယ်ဆောင်သွားကြောင်း သိရသည်။

တစ်ကမ္ဘာလုံး၌ စီးပွား​ရေးလုပ်ငန်းသုံးဂြိုလ်တုလွှတ်တင်နိုင်သော နိုင်ငံ ခုနှစ်နိုင်ငံသာ ရှိသဖြင့် လွှတ်တင်ခြင်းအောင်မြင်သွားပါက ၎င်းသည် တောင်ကိုရီးယားအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်းကြောင်း Al Jazeera သတင်းဌာနကဆိုသည်။

ဆယ်စုနှစ်တစ်ခုကြာ တီထွင်ခဲ့ရသော အဆင့်သုံးဆင့်ရှိသည့် နူရီ ဒုံးပျံသည် ဝမ် ၂ ထရီလီယံ (ဒေါ်လာ၁ ဒသမ ၅ ဘီလီယံ) ကုန်ကျခဲ့ကြောင်း သိရသည်။

နူရီသည် အလေးချိန်တန် ၂၀၀ ရှိ၍ ၄၇ ဒသမ ၂ မီတာ (155 ပေ) ရှည်လျားကာ အင်ဂျင် ခြောက်ခု တပ်ဆင်ထားသည်။

အာရှ၌ တရုတ်၊ ဂျပန်နှင် အိန္ဒိယ အားလုံးတွင် အဆင့်မြင့် အာကာသယာဉ်လွှတ်တင်သည့် အစီအစဉ်များရှိကြပြီး မြောက်ကိုရီးယားသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဂြိုလ်တုလွှတ်တင်နိုင်စွမ်းရှိသည့် နိုင်ငံအဖြစ် မကြာသေးမီက ဝင်ရောက်လာကြောင်း သိရသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here