တိုက်ကြီးမြို့နယ်၌ ဆိုင်ကယ်စီးလာသည့် အမျိုး သားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
284

တိုက်ကြီးမြို့နယ်၌ ဆိုင်ကယ်စီးလာသည့် အမျိုး သားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ်၊ကင်းမတီးအ လယ်ကျေးရွာနေသူတစ်ဦးဖြစ်သည့် ကိုအောင်မိုးသည် ဇွန် ၂၂ ရက်ညနေပိုင်းက ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်စီးလာသည့် ကိုအောင်မိုးအား အမည်မသိအမျိုးသားများက ကင်းမတီးကျေးရွာနှင့်သစ် ချဆိပ်ကျေးရွာကြားတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဝါးခုတ်ပြီးဆိုင်ကယ်နဲ့ ဖလုံ-ကင်းမတီးကားလမ်းအတိုင်း ပြန်လာတဲ့အချိန်ပစ်ခံရတာပါ သေနတ်ထိထားတဲ့ဒဏ်ရာတွေကတော့အများကြီးပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုအောင်မိုး၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here