ပြန်ပေးဆွဲခံရသည်ဟု ယူဆရသည့် ပညာရေးဝန်ထမ်း (၂) ဦး ပြန်လည် လွတ်မြောက်

0
162

ပြန်ပေးဆွဲခံရသည်ဟု ယူဆရသည့် ပညာရေးဝန်ထမ်း (၂) ဦး ပြန်လည် လွတ်မြောက်

 

ပြန်ပေးဆွဲဖမ်းဆီးခံထားရသည်ဟု ယူဆရသည့် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာမတို့ ယနေ့ ဇွန်လ (၂၃) ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့ကတည်းက ပျောက်ဆုံးနေရာမှ (၈) ရက်မြောက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် ၎င်းတို့ (၂) ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇားခရိုင်အတွင်းမှ ရခိုင်ရွာတစ်ရွာဖြစ်သည့် ခြံချောင်းရွာသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ ပညာရေးဝန်ထမ်း (၂)ဦး ပြန်လည်လွတ်မြောက် ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် နံ့သာတောင်ဆရာတော် ဦးစာရဏကလည်း ပညာရေး ဝန်းထမ်း(၂) ဦး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက် ဆရာ မဒေါ်ဥမ္မာကျော်တို့သည် (၂) ဦးသည် ဇွန်လ (၁၆) ရက်က မြို့နယ် ပညာ ရေး မှူးရုံးသို့သွားစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်း ဆီး ခေါ်ဆောင်ခြင်း ခံရကာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း (၅၀) ဖြင့် ပြန်လည်ရွေးယူရန် ခိုင်းစေခြင်း ခံထားရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here