ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦးရှိပြီဖြစ်ဟု နစက ထုတ်ပြန်

0
65

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦးရှိပြီဖြစ်ဟု နစက ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်ဦးရေမှာ ဇွန် ၂၂ ရက်အထိ ၇၀ ဦးရှိပြီဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦးမှာ ရန်ကုန်တိုင်းမှ ၅ ဦး၊မန္တလေးတိုင်းမှ ၂၄ ဦး၊မကွေးတိုင်းမှ ၁၃ ဦး၊စစ် ကိုင်းတိုင်းမှ ၁၁ ဦး၊ဧရာဝတီတိုင်းမှ ၁၁ ဦးနှင့်ပဲ ခူးတိုင်းမှ ၆ ဦးတို့ဖြစ်ကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစက ၏တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများပေးအပ်၍ မိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here