မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အခြေခံပြေးခုန် ပစ်အားကစားနည်းများအား လေ့ကျင့်သင်ကြားပေးသွားမည်

0
585

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အခြေခံပြေးခုန် ပစ်အားကစားနည်းများအား လေ့ကျင့်သင်ကြားပေးသွားမည်

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊မြန်မာ့အားကစားတိုး တက်မြင့်မားရေးနှင့်ထူးချွန်သည့် မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပြေးခုန်ပစ်အားကစားနည်းများအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

ထိုသို့ လေ့ကျင့်သင်ကြားပေးခြင်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၂၉ ရပ်ကွက်၊ပြည် ထောင်စုလမ်းမကြီးရှိ မသန်စွမ်းအားကစားကွင်း အခြေခံပြေးခုန်ပစ်အားကစားလေ့ကျင့်ရေးစင်တာ၌ ဇွန် ၂၅ ရက်မှစတင်ကာ လေ့ကျင့်သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လေ့ကျင့်သင်ကြားပေးခြင်းအား စနေ၊ တနင်္ဂနွေနေ့များနှင့်ရုံးပိတ်ရက်များ၌ စဉ်ဆက်မပျက်ဖွင့်လှစ်၍ နံနက် ၆ နာရီခွဲမှ ၉ ရီအထိ သင် တန်းကြေး အခမဲ့ ဖြင့်သင်ကြားပေးသွားမည်ဖြစ် သည်။

သင်တန်းတွင် အပြေး(တာတို)မီတာ ၁၀၀၊ ၂၀၀၊ ၄ဝဝ ၊ တာလတ် မီတာ ၈၀၀၊ ၁၅၀၀၊ ၃၀၀၀ ၊ တာဆီးကျော်၊တာဝေး မီတာ ၅၀၀၀၊၁၀၀၀၀၊ မီနီမာ ရသွန်၊တန်းကျော် မီတာ ၁၀၀၊ ၁၁၀ တို့အားလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

အလားတူ အလျားခုန်၊အမြင့်ခုန်၊သုံးဆင့်ခုန်၊တုတ်ထောက်ခုန်၊သံလုံးပစ်၊ကြိုးတပ်သံလုံးပစ်၊သံပြားပစ်၊လှံတံပစ် အားကစားနည်းများကိုလည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ် သည်။

ထို့ပြင် လာရောက်လေ့ကျင့်မည့် အားကစားသ မားများမှ အားကစားအရည်အချင်းစီစစ်၍ အား ကစားနည်းအလိုက် ထူးချွန်ထက်မြတ်ကာ အ လားအလာရှိသည့် အားကစားသမားများအား အားကစားနှင့်ပတ်သတ်သည့် အလုပ်အကိုင်ရရှိစေရန် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here