ဒေါ်လာ ၃၄ ဘီလီယံတန် မြို့တော်သစ်ကို ဩဂုတ်တွင် တည်မည့်အင်ဒိုနီးရှား

0
138

ဒေါ်လာ ၃၄ ဘီလီယံတန် မြို့တော်သစ်ကို ဩဂုတ်တွင် တည်မည့်အင်ဒိုနီးရှား

ဂျာကာတာ၊ဇွန် ၂၃

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သည် ဒေါ်လာ ၃၄ ဘီလီယံ ကုန်ကျမည်ဖြစ်သော မြို့တော်သစ်အား အမြန်တည်ဆောက်ရန် တွန်းအားပေးနေသောကြောင့် ဩဂုတ်လ၌ ၎င်းမြို့တော်သစ်တွင် အစိုးရအဆောက်အအုံများ စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့တော်သစ်အား နူစန်တာရာ ၌ ဆောက်လုပ်သွားမည်ဖြစ်ကာ သမ္မတ သည် ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်သည်။

အစိုးရသည် ထိုနေရာတွင် အခြေခံအဆောက်အအုံများ များစတင်တည်ဆောက်သွားမည်ဖြစ်ကာ ရေပေးဝေရေး စနစ်များ၊ မိလ္လာ ရေဆိုးထုတ်စနစ်နှင့် အခကြေးငွေပေးဖြတ်သန်းရမည့် လမ်းများပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့​ရေးရာနှင့်အိုးအိမ်ဝန်ကြီး ဘာစူကီး ဟာဒီမိုဂျိုနို မှ သမ္မတ ဂျိုကိုဝီငိုတင်ပြထားသည်။

အင်ဒိုနီးရှားသည် ၎င်း၏မြို့တော်ကို ဂျာကာတာမှ အရှေ့ ကာလီမန်တန်ရှိ နူစန်တာရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး အဆိုပါမြို့တော်သစ်ကို လေစွမ်းအင်နှင့် ဆိုလာစွမ်းအင် ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အသုံးပြုကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့် မြို့တစ်မြို့အဖြစ် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့ရခြင်းမှာ အင်ဒိုနီးရှားသည် ၎င်း​၏မြို့တော်ကို နိုင်ငံ​၏ အလယ်ဗဟိုတွင် တည်ရှိစေလိုခြင်းဖြစ်၍ အင်ဒိုနီးရှားမြေပုံအား အရှေ့မှအနောက် တောင်မှမြောက် သို့မျဉ်းဆွဲကာ တိုင်းတာကြည့်ပါက အလယ်ဆုံချက်နေရာတွင် အရှေ့ကာလီမန်တန် ရှိနေခြင်းကို တွေ့ရကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့သည်။

Source: Bloomberg


LEAVE A REPLY

Please enter your comment!
Please enter your name here