ထားဝယ်မြို့နယ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
238

ထားဝယ်မြို့နယ်ရှိ ရော်ဘာခြံတစ်ခုအတွင်း၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ရောင်းမော်ကျေးရွာနေ ဦးတင်စိန်(၅၀)နှစ်ခန့်သည် ဇွန် ၂၃ ရက်(ယနေ့)နံနက်ပိုင်းက ရော်ဘာခြုံတစ်ခုအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီကျော်ခန့်က ဦးတင်စိန်သည် ၎င်းပိုင်ဆိုင်သည့် ရောင်းမော်ကျေးရွာ၊သဲတောဘုန်းတော်ကြီးကျောင်းအနီးရှိရော်ဘာခြံ၌ရှိနေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးတင်စိန်၌ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ထားဝယ်တပ်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများနှင့်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here