ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ရုပ်တုဆင်း တုတော်များနှင့်မြန်မာမှုအနုပညာပစ္စည်းသစ်များအား သယ်ဆောင်လိုပါက ရှေးဟောင်းဝတ္ထုပ စ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လျှောက် ထားနိုင်

0
74
ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ရုပ်တုဆင်း တုတော်များနှင့်မြန်မာမှုအနုပညာပစ္စည်းသစ်များအား သယ်ဆောင်လိုပါက ရှေးဟောင်းဝတ္ထုပ စ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လျှောက် ထားနိုင်
ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ရုပ်တုဆင်း တုတော်များနှင့်မြန်မာမှုအနုပညာပစ္စည်းများအား ပြည်တွင်း၊ပြည်ပသို့ သယ်ဆောင်လိုသူများအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၌ လျှောက်ထားနိုင်ကြောင်း သိရသည်။
ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ရန်ကုန်ဌာနခွဲနှင့်မန္တလေးဌာနခွဲတို့တွင် လျှောက်ထားနိုင်ကာ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လျှောက်ထားရာ၌ ထောက်ခံချက်ရယူလိုသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်း(သို့)ကုမ္ပဏီများသည် သက်ဆိုင်ရာ ဌာနခွဲရုံးများသို့ ကိုယ်တိုင်(သို့)ကိုယ် စားလှယ်လွှဲအပ်ခံရထားသူ ကိုယ်တိုင်လာရောက်လျှောက်ထားရမည်ဖြစ်ကာ သယ်ယူပို့ဆောင်မည့် ပစ္စည်းများအားတစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။
သို့ရာတွင် သယ်ယူပို့ဆောင်မည့်ပစ္စည်းများသည် သယ်ယူရန်အမှန်တကယ်ခက်ခဲပါက ပစ္စည်းများအား မူလထုတ်လုပ်သည့် နေရာတွင်ထားရှိရမည်ဖြစ်သည်။
ကိုယ်တိုင်(သို့)ကိုယ်စားလှယ်(သို့)ဌာနဆိုင်ရာ (သို့)ဘာသာရေး အဖွဲ့အစည်းများသည် ဌာနခွဲရုံးများသို့ လာရောက်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(သို့)နိုင်ငံကူးလက်မှတ်မိတ္တူ၊ကုမ္ပဏီများဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊သွင်းကုန်ထုတ် ကုန်လိုင်စင်မိတ္တူ၊ဌာနဆိုင်ရာ(သို့)ဘာသာရေးအဖွဲ့အစည်းများ ဖြစ်ပါက မူရင်းရုံးစာ(သို့)အဖွဲ့အစည်း၏ အကျိုး အကြောင်းဖော်ပြစာတို့အား အထောက်အထားမူရင်းနှင့်မိတ္တူ ၂ စုံစီယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ သယ်ယူပို့ဆောင်မည့်ပစ္စည်းအား အ ပြာရောင်နောက်ခံထား၍ ရိုက်ကူးထားသည့် (၄) လက်မ၊(၆)လက်မအရွယ် ရောင်စုံဓါတ်ပုံ(လိုအပ်ပါက ရှေ့မြင်၊နောက်မြင်နှင့်ဘေးမြင် ပုံများပါရှိရန်)၊သယ်ယူပို့ဆောင်လိုသည့် ပစ္စည်းများ၏ အ မျိုးအမည်၊အမျိုးအစား၊အရေအ တွက်နှင့်အ တိုင်းအတာများအ ပြည်စုံစွာပါရှိသည့်စာရင်း၊ဝယ်ယူခဲ့သည့် ပြေစာ(သို့)ပြုလုပ်သည့် ကုမ္ပဏီ အဖွဲ့အစည်း၊ဆိုင်၊ပုဂ္ဂိုလ်၏ အသစ်ဖြစ်ကြောင်း အာမခံချက် အထောက်အထားတိုကိုလည်း အ ထောက်အထားမူရင်းနှင့်မိတ္တူ ၂ စုံစီအားယူဆောင်လာရမည်ဖြစ်သည်၊
ထို့ပြင် စီးပွားရေးအရဖြစ်ပါက တရားဝင်ဆောင် ရွက်ခြင်းဖြစ်ကြောင်း အထောက်အထားများဖြစ်သည့် သမဝါယမဦးစီးဌာနမှ အခွန်ဆောင်ပြေစာ (သို့)တည်ဆဲစည်းမျဉ်းအရ အခြားဌာနဆိုင်ရာများက ထုတ်ပေးသည်ပြေစာတို့အားအထောက် အထား မူရင်းနှင့်မိတ္တူ ၂ စုံစီ ယူဆောင်လာရမည်ဖြစ်သည်။
ထို့ပြင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့်လဲလှယ်သယ်ဆောင်ခြင်းမပြုကြောင်း ဝန်ခံကတိပြုချက်အား သတ်မှတ်ထားသည့် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းရမည်ဖြစ်ကာ သတ်မှတ်အခကြေးငွေ (ပုံစံကြေး)ပေးသွင်းရမည်ဖြစ်သည်။
အဆိုပါ ထောက်ခံချက်သက်တမ်းသည် ၃ လဖြစ် ၍ သက်တမ်းကုန်ဆုံးသည်အထိ သယ်ယူပို့ ဆောင်ခြင်းမပြုနိုင်ပါက အသစ်ပြန်လည် လျှောက်ထားရမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here